လာအိုနိုင်ငံမှ ပြန်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နမ့်စန်မြို့မှ ဖြတ်သန်း၍ သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ဆက်လက်ထွက်ခွာ

နမ့်စန်(တ)     စက်တင်ဘာ   ၂၅

လာအိုနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်ပြီး တာချီလိတ်မြို့နယ် ဝမ်ပုံ ဆိပ်ကမ်းမှတဆင့် နှစ်နိုင်ငံတာဝန်ရှိသူများ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့သော နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယနေ့နံနက် ၇ နာရီ ၂၅အချိန် က  ရောက်ရှိခဲ့ကြကြောင်း သိရသည်။

မော်တော်ယာဉ်၅စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၂၇) ဦး၊ မ (၂၇) ဦး စုစုပေါင်း( ၅၄) ဦးကို မြို့နယ်မှတာဝန်ရှိသူများက  အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေး ဂိတ်တွင်ကြိုဆိုခဲ့ပြီး နမ့်စန်မြို့တွင် ဆင်းမည့်သူများမရှိသည့်အတွက်  တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)