အရာတော် စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေ ရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းထွန်းနှင့် လိုင်းတာဝန်ခံများက ယမန်နေ့ နံနက်(၉)နာရီ မှစတင်ပြီး ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ဓာတ်အားခွဲရုံမှ ကျေးရွာအရောက် သွယ်တန်း ထား သည့် (11) ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ရှိ ဓာတ်အားတိုင်များအား တည့်မတ်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျေးရွာတိုင်း လျှပ်စစ် မီးလင်းရေး လုပ်ငန်းများ ကိုလည်း ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် လျှပ်စစ်မီး စနစ်တကျ သုံးစွဲနည်းများကို အသိပညာပေးခြင်းလုပ်ငန်းများပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင် နီယာ ဦးဇင်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
သူရ (ပြန်/ဆက်)