ကလိန်အောင် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာ၌ Cash for Work စီမံကိန်းလုပ်ငန်းဖြင့်ကျေးရွာ လူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာဘက်စုံသုံး ခန်းမ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းပြီးစီးမှု အား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးရာတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းနှင့်အဖွဲ့တို့သည် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေး နိုင်ရန်အတွက် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင်ဆောင်ရွက်သော ကျောက်ရှပ်ကျေးရွာရှိ ကျေးရွာဘက်စုံ သုံးခန်းမ တည်ဆောက်ပြီးစီးမှုနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)