မင်းကင်း စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာ၌ တောင်သူ ဦးကံရှင်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး စိုက်ကွက်တွင် သမန်းနိုးကြားပေါင်းလိုက် စက်ကိရိယာဖြင့် နည်းပညာပေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ သမန်းနိုးကြားပေါင်းလိုက်ကိရိယာကို အသုံးပြုခြင်းကြောင့် တောင်သူဦးကြီးများ အနေဖြင့် မိုးစပါး၊ နွေစပါး စိုက်ပျိုးရာတွင် ပေါင်းမြက်ကင်းစင်စေရေး ဆောင်ရွက်ရာတွင် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ကြောင်း၊ မြေဆီမြေသြဇာကို ထက်သန်စေကြောင်း၊ ပေါင်းသတ်ဆေးသုံးစွဲမှုကို လျော့ချနိုင်ကြောင်း စသော အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးကျော်ဝင်းက နည်းပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် သမန်းနိုးကြားပေါင်းလိုက် စက်ကိရိယာကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ဝယ်ယူ၊ ငှားရမ်းနိုင်ကြောင်း ဦးစီးအရာရှိ ဦးချစ်ကိုကိုက ပြောကြားခဲ့ကြောင်း သိရသည်။
မေသက်(ပြန်/ဆက်)