ကလေး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စက္ကန့်ကျေးရွာတွင် ယမန်နေ့ညက မီးဖို မီးကြွင်းမီးကျန် မှတဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ယနေ့မွန်းလွှဲ ၂ နာရီ ၄၅မိနစ်အချိန်က မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ရာတွင် ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးနိုင်နှင့်တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင် စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး နှစ်သိန်း (၂၀၀၀၀၀)၊ ဆန်ရိက္ခာဖိုးအတွက် ရှစ်ထောင့်လေးရာ (၈၄၀၀) စုစုပေါင်း ထောက်ပံ့ငွေ နှစ်သိန်းရှစ်ထောင့်လေးရာ (၂၀၈၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း Family Kits တစ်ပုံးကို ပေးအပ်ထောက်ပံ့ကြရာ စက္ကန့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးလာလ်အင်းလျံနှင့် မီးဘေးသင့် အိမ်ထောင်စုမှ ဦးစံသောန်တို့က လက်ခံရယူခဲ့ကြကြောင်းသိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)