ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ မိုးစပါးဆင်းဧကရီ(၃)မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကသာ   စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေးနယ်မြေအတွင်းရှိ ပင်းမလွတ်ကျေးရွာတွင် ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါးဆင်းဧကရီ(၃) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအား  ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နည်းပညာပေးလုပ်ငန်းကို ကိုဗစ်-၁၉ကာလအတွင်း စိုက်ပျိုးရေးနည်းပညာဆိုင်ရာ အခက်အခဲများကို တောင်သူများ စဉ်ဆက်မပြတ် လက်လမ်းမီစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကွင်းတာဝန်ခံ ဒေါ်မိုရင်းဆိုင်းရာနှင့်  ဦးမျိုးထက်ဇော်တို့က ကိုဗစ်-၁၉ကာလအတွင်း တောင်သူများအား နည်းလမ်းသစ်တစ်ခုအနေဖြင့် စိုက်ခင်းအတွင်း တုတ်တိုင်များစိုက်ထူကာ စာအိတ်ဖြင့် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို ရေးသားပြီး ထိုသို့ပြုလုပ်ခြင်းကို တောင်သူများ သိရှိစေရန် နည်းပညာပေးခဲ့ကြောင်း ကသာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရဲအောင်(ပြန်/ဆက်)