မိုင်းဆတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ တောင်ကျရေစီးဆင်းမှုကြောင့် မယ်ဆွမ်ချောင်း ရေကြီး ရေလျှံမှု ဖြစ်ပွားကာ ယမန်နေ့ညနေ(၄)နာရီခန့် က မယ်ဆွမ်မြောက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ရှိ နေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ဝမ်ကျောင်းနှင့် တာလျှပ်လမ်းမပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရေကြီးရေလျှံခြင်းကြောင့် မယ်ဆွမ်မြောက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ရှိ အိမ်ခြေ(၃၀)ခန့် ရေဝင်ရောက် ခဲ့သည့် နေအိမ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၄)ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ လူနှင့်ပစ္စည်းများ ရွှေ့ပြောင်းပေးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)