ထားဝယ်မြို့၊ ရေဝိုင်းကျေးရွာ၌ ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံ အသိပညာပေး

ထားဝယ်      စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ၊ရေဝိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြိုနယ်ကော်မရှင်အဖွဲ့ခွဲ နှင့် ကလျာဏမိတ္တပရဟိတ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပထမအကြိမ် မဲပေးမည့် လူငယ်များအားပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံအသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုနောက် ထားဝယ်မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလွင်ကလာမည့်  ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားတိုင်းဆန္ဒမဲ ပေးပိုင်ရန် ပထမအကြိမ်ကိုဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၁၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းများကို ကြေငြာ ကပ်ထားပြီးဖြစ်ကြောင်း ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကို မကြာခင်မှာကြေငြာပေးသွားမှာဖြစ်သည့်အတွက် မိမိအမည်ပါမပါသွားကြည့်ကြရန်လိုကြောင်း မိမိလျှောက်ထားသော ပုံစံ-၃ ကိုမဲဆန္ဒရှင်တွင်ပါမပါတောင်းဆို ထားသောပြင်ဆင်လွှာများကို ပြင်ဆင် ထားခြင်းရှိမရှိသွားရောက်ကြည့်ရှု့ကြရန်လိုကြောင်း၊ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သူ မဲဆန္ဒရှင်အားလုံးမိမိသက်ဆိုင်ရာမဲရုံများတွင်ဆန္ဒမဲပေးကြရန်လိုကြောင်းပြောကြားသည်။


ထိုနောက် ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးအောင်သူရလင်း က ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့် နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ လွှတ်တော်အဆင့်ဆင့် ရွေးချယ် တင်မြှောက်မှု၊ မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း၊ မဲစာရင်းကြည့်ရှုခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲ၊ကြိုတင်မဲ ၊ကိုဗစ်-၁၉  ကာလအတွင်း လက်တွေ့သရုပ်ပြမဲပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဆိုင်ရာ အကြောင်းအရာများ အသိပညာပေး ပြုလုပ်ပေးခဲ့သည်။


အဆိုပါ အသိပညာပေးခြင်း တက်ရောက်လာကြသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကျော်ကျော်လတ်(ပြန်/ဆက်)