ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ Community Based Quarantine Centre လေးခုတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုနိုင်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် မြို့မပရဟိလူငယ်အဖွဲ့ထံသို့ အလှူငွေနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်အလှူရှင်များက တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ဘုန်းကျော်စံဦးက ထန်းတပင်မြို့နယ်အတွင်းရှိ Community Based Quarantine Centre လေးခုတို့တွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းထံသို့ အလှူငွေကျပ်(၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့မ ပရဟိတ လူငယ်အဖွဲ့ဝင်များထံသို့လည်း တိုင်းဒေ သကြီး (၁)လွှတ်တော် ကိုယ်စားလှယ်မှ အလှူငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ Myo and Myo ကုမ္ပဏီ၊ Zuzan ကုမ္ပဏီတို့မှ အလှူငွေကျပ်(၅)သိန်းနှင့် နှာခေါင်းစည်း အခု(၅၀)ပါ (၁၅)ဘူးတို့ကို လည်းကောင်း လှူဒါန်း ပေးခဲ့ကြကြောင်းသိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန် အတွက်လည်း ဦးစိုးလွင် (ခပေါင်းရွှေရည် အရက်ချက်စက်ရုံ)မှ အလှူငွေကျပ်(၁၀)သိန်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရပြီး ရွာသစ်(အ.လ.က)ခွဲ Quarantine စင်တာတွင် Quarantine ဝင်ရောက်နေကြသူများနှင့် စေတနာဝန်ထမ်းများအတွက် နံနက်စာ ထမင်းဘူး(၄၄)ဘူးကို အလှူရှင် ဦးဝင်းခိုင်မှ လည်းကောင်း၊ မြို့နယ်အတွင်း Community စင်တာများအတွက် သောက်ရေသန့် (၁)လီတာကတ် (၁၅၀)တို့ကို အလှူရှင် ဦးသိန်းထွန်းဦးတို့မှလည်းကောင်း အဆိုပါ စင်တာများသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)