မိုင်းဖြတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂နာရီခန့် က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအိမ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ပြန်လည်ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်၊ ဦးစီးအရာရှိ ဒေါ်မွန်မွန်အောင် ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များက ရန်ပုံငွေကျပ်သိန်းသုံးရာကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူ ၃၃ ဦးအား စနစ်တကျ ပြန်လည်ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ထုတ်ချေးသည့် ချေးငွေများဖြင့် ကျေးရွာနေပြည်သူများ ဆောင်ရွက်နေ သည့်လုပ်ငန်းများမှာ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းဖြင့် ၂၆ဦး၊ ကုန်အရောင်းအဝယ် ၄ဦး၊ ကုန်ထုတ်လုပ်ငန်း ၃ဦးတို့ကို စတစ်တကျပြန်လည်ထုတ်ချေးပေးခဲ့သည်။ ထို့နောက် အဆိုပါကျေးရွာတွင် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)