မိုင်းခုတ် စက်တင်ဘာလ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၂၆ ရက် က ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် mask အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို မြို့ဝင်၊မြို့ထွက်ဂိတ်တွင် အရှိန်အဟုန်မြှင့်ဆောင်ခဲ့ကြောင်းသိရသည်။
မြို့အဝင်မြို့ထွက်ဂိတ်ဖြစ်သည့် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်း စစ်ဆေးရေးဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော မော်တော်ယာဉ် (၆)စီးမှ ခရီးသည်(၁၇)ဦးအား ကျန်းမာရေး အသိ ပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်များပါရှိမှုရှိ မရှိစစ်ဆေးခြင်း၊ လက်သန့်ဆေးရေဖြင့် လက်သန့်စင်စေခြင်းနှင့် mask မပါရှိ သူများအား mask အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဌာန တို့ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုးတင့် (ပြန်/ဆက်)