မိုင်းဆတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီမှ ည(၁၀)နာရီအထိ အရှိန်အဟုန်မပျက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့ဝင်၊ မြို့ထွက်ဂိတ်များဖြစ်သည့် ကာနဂိတ်၊ ဆိုက်ခေါင်ဂိတ်နှင့် ရွှေဘိုဂိတ်တို့မှ ယနေ့ညနေ(၄) နာရီထိ ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူ(၁၇၆)ဦးတို့အား Non-contact Infrared Thermometer စက်ဖြင့် ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သား ခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်ပါရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 လမ်းညွှန်ချက်များနှင့် အညီ ခရီးသွားလာရေး အသိပညာပေးခြင်းတို့ကို ဆောင် ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ခရိုင် COVID-19 ရောဂါစောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး တို့၏ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သောအဖွဲ့တို့က နေ့စဉ်အလှည့်ကျစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရ သည်။
မြင့်မောင်(ပြန်/ဆက်)