ဝေါလေမြိုင်၊ စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါစောင့်ကြည့်လူနာများရှိလာပါက သီးသန့်ထားရှိရန်နေရာများ လိုအပ်လာမည်ဖြစ်သည့်အတွက် ဝေါလေမြိုင်မြို့တိုက်နယ်ဆေးရုံရှိ လစ်လပ်နေသောဝန်ထမ်းအိမ်ယာအခန်း ၅ ခန်းအား ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်တိုက်နယ်ဆေးရုံ၊ တာဝန်ခံဆရာဝန် ဒေါက်တာစောစိုးဝင်းထွဋ်ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကိုဗစ်-၁၉ရောဂါစောင့်ကြည့်လူနာများထားရှိရန် ကြိုတင်စီစဉ်ထားသောအခန်းများအား ရေဆေးခြင်း၊ ပိုးသတ်ဆေးများဖြန်းခြင်းနှင့် အခန်းပတ်ဝန်းကျင်ရှိ ခြုံနွယ်များရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)