မိုင်းတုံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်(Take away)ဖြင့်သာ ရောင်းချရန် အသိပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များမှ ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင် ဦးဆောင်သော မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက အများ ပြည်သူ စားသုံးရန် ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက် ရည် ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ ကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန်၊ ဈေးရောင်း ဈေးဝယ်သူများအကြား ရောဂါကူးစက်မှုဖြစ်ပွားပါက အတူနေ မိသားစုဝင်များ၊ မိတ်ဆွေများသို့ အဆင့်ဆင့်ကူးစက်မှုများ ဖြစ်ပွား နိုင်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ထိုင် စားသောက်ခြင်း ခွင့်မပြုဘဲ ပါဆယ်စနစ်(Take away)ဖြင့် သာ ရောင်းချ သွားရ မည်ဖြစ်ကြောင်း၊ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည် ဖြစ်ကြောင်း ကွင်းဆင်း အသိပေး ပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)