မေတ္တာမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လမ်းသွားနေကြသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

မေတ္တာ၊ စက်တင်ဘာလ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မေတ္တာပန်းခင်းပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရန် လမ်းထွက်သွားလာနေကြသူများအား နှာခေါင်းစည်း (Mask)တပ်ဆင်ရေးအသိပညာပေး  လှုပ်ရှားမှုတစ်ရပ်ကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် (၁/၂/)မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျ စွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း  မဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန် တေးသရုပ်ဖော်များဖြင့် နှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ ပြန်/ဆက်)