မိုင်းတုံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ Mask တပ်ဆင် သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲက မြို့မဈေးနှင့်ပန်းခြံလမ်းဆုံတို့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးဌေးဒမ်နှင့်အဖွဲ့က မြို့မဈေး အတွင်း ဈေးရောင်းသူများနှင့်ဈေးဝယ်လာသူများတွင် Mask တပ်ဆင် ထားခြင်း မရှိသူ များအား Mask တပ်ဆင်ရေးအသိပညာပေးပြီး Mask များ အခမဲ့ဖြန့်ဝေပေးသည်။
ထို့နောက် ပန်းခြံလမ်းဆုံတွင် Mask တပ်ဆင်းသွားလာခြင်းမရှိသူများအား ကိုယ်ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေအိမ်တွင်နေထိုင်ကြရန်နှင့် နေအိမ် ပြင်ပသို့ မဖြစ်မနေ သွားလာရပါက Mask တပ်ဆင်သွားလာရန် အသိပညာပေးပြီး Mask များ အခမဲ့ဖြန့်ဝေပေးသည်။
ယနေ့ Mask တပ်ဆင်းသွားလာခြင်းမရှိသူများအား Mask (၁၅၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နောက်ရက်များတွင် Mask တပ်ဆင်မှုမရှိပါက မြို့တွင်းသို့သွားလာခွင့်ပြုမည် မဟုတ် ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)