ဘားအံ၊ စက်တင်ဘာ ၂၈
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ ဘားအံမြို့ရှိ ကရင်ပရိယတ္ထိ စာသင်တိုက် ကျောင်းဝန်းအတွင်းတွင် စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက်(၇)နာရီ အချိန်မှစတင်ကာ စုပေါင်း သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းအောင်၊ ဘားအံမြို့မစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဏအောင်တို့ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် (၄၄) ဦးသည် ကရင်ပရိယတ္ထိစာသင်တိုက် ကျောင်းဝန်းအတွင်း၊ အပြင်ရှိ ကိုင်းပင်၊ မြက်ပင်များကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)