ဒဂုံ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်ဒဂုံရိပ်သာဈေး၌ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းအနေဖြင့် ဈေးအတွင်း ဈေးရောင်း၊ဈေးဝယ်ပြည်သူများကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကိုယမန်နေ့နံနက်၉နာရီက ရန်ကုန် တိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွဲဘက်အတွင်းရေးမှူးဦးသန်း၊ ဈေးတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ရပ်ကွက်တာဝန်ခံတို့က ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းပိုမိုများ ပြားလာမှုကြောင့် ဈေးအတွင်း ဈေးရောင်း၊ဈေးဝယ်ပြည်သူများ တစ်ဦးမှတစ်ဦးသို့ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရန်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျတပ်ဆင်ထားမှုအခြေအနေများ၊ဈေး အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အသိပေးနှိုးဆော်ခြင်းများနှင့် လိုအပ်သည့်အချက်များ ဆောင်ရွက် ထားရှိရေးတို့ကို မှာကြားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)