ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ထုတ်ပြန်ထားသည့် စည်းကမ်းကို ချိုးဖေါက်သည့်ဆိုင် ၂ ဆိုင်အား အရေးယူ

 

ကျောက်မဲ  စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုန့်ပြန်ရေးကော်မတီနှင့် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူ တို့သည် ယမန် နေ့ နံနက်ပိုင်းက ကျောက်မဲမြို့ပေါ်ရှိ စားသောက်ဆိုင်များအနေဖြင့် ပါဆယ် စနစ်ဖြင့်သာ ရောင်းချရမည်ဆိုသည့် သတ်မှတ် စည်မျဉ်းစည်းကမ်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ လိုက်နာမှု မရှိသည့် ဆိုင် ၂ ဆိုင်အား ၇ ရက် ယာယီ ပိတ်သိမ်း စေခြင်းဖြင့် အရေးယူခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကျောက်မဲမြို့စည်ပင်သာယာ‌ရေး ကော်မတီမှ စားသောက်ဆိုင်များအားလုံး  စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ Take- away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချရန် စက်တင်ဘာ ၂၄ ရက်နေ့က ကြော်ငြာစာအမှတ် ၆/၂၀၂၀ ဖြင့် ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိ‌ပေး ကြေညာ ခြင်းများဆောင်ရွက်ခဲ့သည်။ ထို့အပြင် စက်တင်ဘာ ၂၅ ရက်နေ့က ကျောက်မဲ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနှင့် ဒုတိယခရိုင် ပြည်သူ့ ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦး တို့ဦးဆောင်သည့် အဖွဲ့တို့က မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့သွားရောက်ပြီး   Take-away(ပါဆယ်) စနစ်ဖြင့်သာ  ရောင်းချရန် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များနှင့် အညီ လိုက်နာ ဆောင်ရွက် ရန် ဆိုင်ရှင်များအား အသိပေးရှင်းလင်းပြောကြားပြီး သိရှိကြောင်း ဝန်ခံကတိ လက်မှတ် ရေးထိုးစေခြင်းများဆောက်ရွက်ခဲ့ကြောင်း သိရ သည်။

၎င်းကဲ့သို့ ထုတ်ပြန်ကြေညာ ၊ အသိပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီးသည့်နောက် စားသောက် ဆိုင်များအား တာဝန်ရှိသူများက ရှောင်တခင် ကွင်းဆင်စစ်ဆေးရာ လိုက်နာ မှုမရှိသည့် အမှတ် ၁ ရပ်ကွက်ရှိ ဆိုင် ၁ ဆိုင်၊ အမှတ် ၈ ရပ်ကွက်ရှိ ဆိုင် ၁ ဆိုင် ‌စုစုပေါင်း ၂ ဆိုင်ကို  ၇ ရက် ဆိုင်ရောင်းချခြင်း ယာယီပိတ်သိမ်းစေခဲ့ပြီး အဆိုပါဆိုင်များက သတ်မှတ် စည်းကမ်းများကိုထပ်မံ ချိုးဖောက်ခဲ့ပါက ၁၄ ရက် ထပ်မံယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်း၊ တတိယအကြိမ် ထပ်မံချိုးဖောက်ပါက ကိုဗစ်-၁၉ ရောဂါ တားဆီး ထိန်းချုပ် ကာကွယ်ရေး ဥပဒေ အရ ဆက်လက် အရေးယူသွားမည်ဖြစ်‌ေကြာင်း သိရှိရပသည်။

မိုင်းထွန်း(ပြန်/ဆက်)