ဒေါပုံမြို့နယ်တွင် Stay at home ကာလမလိုအပ်ပဲ ပြင်ပသို့သွားလာလျက်ရှိသည့်ယာဥ်များမရှိစေရေးအတွက် အသိပညာပေးဆောင်ရွက်

 ဒေါပုံ စက်တင်ဘာလ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀)ရက်နေ့ထုတ်ပြန်ချက်အရ  Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍သွားလာခြင်းမပြုရန် ရပ်ကွက်များ အတွင်းကြေ ညာခဲ့ပြီးနောက် ပြည်သူများတိကျစွာလိုက်နာစေရန်အတွက်အသိပညာပေးဆောင်ရွက်ခြင်းကို ဒေါပုံမြို့နယ်တွင် ယနေ့ နေလယ်()နာရီခွဲ အချိန်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး  ကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးပေါ်တွင် တွင် ဖြတ်သန်းသွားလာနေသော  ယာဉ်များအားရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အကြောင်းအရာအား မေးမြန်းခြင်း၊ ပြင်ပသို့ထွက်ခွာရာတွင်လည်း ရပ်ကွက်များမှ ထုတ်ပေး  ထားသောအထောက်အထားများရှိရန်၊ ကျန်းမာရေးကိစ္စများဆောင်ရွက်ရာတွင် ခိုင်လုံသောအ ထောက် အထားများရှိရန်နှင့်ပြည်သူများ မိသားစုကျန်းမာရေးနှင့်  စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများ မှလွဲပြီးစက်တင်ဘာလ (၂၄)ရက်နေ့မှ အောက်တိုဘာလ()ရက်နေ့ထိအ ကြောင်းမဲ့ပြင်ပထွက်ခွာ သွားလာခြင်း မပြုရန် ကြေညာချက်အားသိရှိလိုက်နာပေးရန် အသိပညာပေးပြောကြားခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်မြို့နယ်ရဲမှူးမှ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအသိပညာပေးခြင်းကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  ပညာပေးကာလ ပြီးဆုံးသွားပါက အထောက်အထားများပြသနိုင်ခြင်း မရှိပါက သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည့်ဖြစ်ကြောင်းကို မြို့နယ်ရဲမှူးအောင်ဝင်းထွန်းကပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

သဲစုစုလွင်