နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် စောင့်ကြည့်လူနာတစ်ဦး၏ နှာခေါင်းနှင့် အာခေါင် တို့ပတ်အား မန္တလေးပြည်သူ့ဆေးရုံဓာတ်ခွဲဌာန သို့ပို့ဆောင်

ပန်ဆောင်     စက်တင်ဘာ     ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ယမန်နေ့နံနက် ၃ နာရီအချိန်က စောင့်ကြည့်လူနာတစ်ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ် swab နာမူနာကို ရယူ၍ ပန်ဆောင်မှ နန်းယွန်း မြို့ပြည်သူ့ဆေးရုံသို့ပေးပို့ပြီး နန်းယွန်းမှ မန္တလေးပြည်သူ့ဆေးရုံသို့ ဆက် လက် ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပန်ဆောင်မြို့ဒေသခံတစ်ဦး မြစ်ကြီးနားမြို့မှ ပြန်လည်ရောက်ရှိလာသဖြင့် ပန်ဆောင် မြို့ ပြည်သူ့ ဆေးရုံတွင် ပြသရာ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဖျားခြင်း  စသော လက္ခဏာ ဖြစ်ပေါ် လာသဖြင့် ပြည်သူ့ဆေးရုံဆရာဝန် ဒေါက်တာတင့်ငွေဦးမှ ဒေါ်ခင်ကြည် ရိပ်သာတွင် ဆေးဝါးကုသပေး လျက် ရှိကြောင်းသိရသည်။

ဂျာယော်(ပန်ဆောင်)