မှော်ဘီ စက်တင်ဘာ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမှ ပိုမို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများ မိမိ နေအိမ်တွင် နေထိုင်ရန် (Stay At Home) အစီအစဉ် ကြော်ငြာချက်ပါ စည်းကမ်းများနှင့်အညီ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့က မှော်ဘီမြို့နယ် ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ် မြို့မ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မိမိနေအိမ်ပြင်ပ သို့ ထွက်လာသူ ပြည်သူများကို ပါးစပ် နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ် ပေါ်တွင် လိုက်ပါစီးနင်းလာသူများအား ရပ်တန့်စေ၍ သက်ဆိုင်ရာ ခရီး သွားလာမှု ထောက်ခံချက်များ ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)