ရွာငံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရွာမ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရွာငံမြို့နယ် ရွာမအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မွန်နှင့် စာရေးဝန်ထမ်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု(၅၂)စု အတွက် ငွေကျပ်(၁၀၄၀၀၀၀/-)ကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံငွေများကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု (၂၈၃၀) အုပ်စုအတွက် စုစုပေါင်းငွေ (၅၆၆၀၀၀၀၀/-) ကျပ် ကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးသန့် (ပြန်/ဆက်)