ကွတ်ခိုင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်ရှိ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့သည်။
အဆိုပါ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူများအနေဖြင့် မိမိ၏ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကူးစက်ခံရမှု အန္တရာယ်မှ ကြိုတင်ကာကွယ်ရမည့် နည်းလမ်း များ၊ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ရမည့် နည်းလမ်းများနှင့် ခွေးရူးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းတို့ကို အသိပညာပေး ပြောကြားခဲ့သည်။
ယင်းခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မင်းဇော် နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ အိမ်မွေးခွေးအကောင် (၂၀)ခန့်အား ထိုးနှံပေးကာ “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်” စသည့် ဗီနှိုင်းပိုစတာများကို လူအများ မြင်သာသည့် နေရာများတွင် ချိတ်ဆွဲထားကြောင်း သိရသည်။
ကိုမိုင်း (ပြန်/ဆက်)