ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ် ကျပ်(၂၀၀၀၀)ထောက်ပံ့ပေးအပ်

ပေါက်ခေါင်း   စက်တင်ဘာ   ၂၈

 

ပေါက်ခေါင်းမြို့နယ်  ရပ်ကွက်ကျေးရွာအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များသို့ တတိယအကြိမ် ကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀  နာရီက  ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပေါက်ခေါင်းမြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စု(၅၈)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၅၀၄)စု အတွက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၃၀၀၈၀၀၀ဝိ/-) ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ခွဲဝေ ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)