သုံးခွ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPE ၀တ်စုံများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ္စည်းများပေးအပ်လှူဒါန်း ရာတွင် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီ တွင် အသုံးပြုနိုင်ရန် သုံးခွမြို့ အမှတ်(၆)ရပ်ကွက်နေ ဦးမောင်အေး+ဒေါ်ခင်မျိုးလှမိသားစုမှ PPE (100)စုံ၊ ဦးရဲအောင် (Yess သကြားလုံးစက်ရုံ)မှ PPE (100)စုံ၊ အမှတ် (၁၂) ရပ်ကွက်မှ ဦးအောင်ဝင်း (Ten အထည်ဆိုင်)မှ PPE (50) စုံ၊ အမှတ်(၁၂) ရပ်ကွက် ကိုမိုးသူမိသားစုမှ PPE (50) စုံ၊ အမှတ်(၄) ရပ်ကွက်မှ ဒေါက်တာသိန်းကျော်+ဒေါက်တာတင်မိုးဝေ တို့မှ PPE (20) စုံစုစုပေါင်း (320)စုံအား လာရောက်လှူဒါန်းပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းသန်း တို့မှ လက်ခံရယူခဲ့ ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်