ရွာသစ် စက်တင်ဘာ ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် (၂၂.၈.၂၀၂၀)ရက်နေ့က သံလွင်မြစ်ရေ မြင့် တက်ခဲ့မှုကြောင့် သံလွင်မြစ်ကမ်းအနီးရှိ တောင်ယာ လုပ်ကိုင်သူများအား သီးနှံစိုက်ခင်း ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ တောင်သူများ၏ သီးနှံစိုက်ခင်း ပျက်စီးမှုများအတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ လက်၀ယ်အရောက် ပြန်လည် ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးများမှ သီးနှံထိခိုက်ပျက်စီးမှု တောင်သူ များအား တောင်ပိုင်းရပ်ကွက် တောင်သူ(၁၅)ဦး (၂၀)ဧက၊ ၀မ်လွဲ့ကျေးရွာအုပ်စု တောင်သူ (၁၄)ဦး (၁၂.၉၀)ဧက၊ လွယ်၀ိုင်းကျေးရွာအုပ်စု တောင်သူ(၂၈)ဦး (၅၉.၉) ဧက၊ ဟွေအော ကျေးရွာ အုပ်စု တောင်သူ(၄၂)ဦး (၅၂.၆၀)ဧကအား တစ်ဧကလျှင် (၄၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်း (၅၈၁၆၀၀၀ိ/-) ကျပ်ကို တောင်သူများထံ လက်၀ယ်အရောက် ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)