မအူပင်မြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် စုပေါင်းသွေးလှူ

မအူပင်  စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ခရိုင်ရဲတပ်ဖွဲမှူးရုံး ဒုတိယရဲမှူးကြီး ကျော်ခင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များစုပေါင်းကာ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းရာတွင် မအူပင်မြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးဇော်ဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မအူပင်မြို့မစခန်း ဒုရဲမှူးသိန်းဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်ဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များက မအူပင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေးအရ ပြည်သူများလိုအပ်ပါက အထောက်အကူ ရရှိစေရန်အတွက် တပ်ဖွဲ့ဝင်များစုပေါင်း၍ သွေးလှူဒါန်းကြရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်နှင့် တာဝန်ရှိသူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)