ဟင်္သာတ စက်တင်ဘာ ၂၈
ဟင်္သာတမြို့နယ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်/မြို့ထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေး လုပ်ငန်းများကို အထူးကြပ်မတ်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
ဟင်္သာတမြို့သို့ အဝင်/အထွက် သွားလာနေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်အသုံးပြုခရီးသွားလာကြသည့် ရပ်နီးရပ်ဝေး၊ နယ်ပယ်ဒေသစုံမှ ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင် အချက်အလက်များကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များဆေးကြောစေခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ဒေသများမှ ရောက်ရှိလာသည့် ခရီးသွား ပြည်သူများကို Facility Quarantine Center၌ Quarantine ဝင်ရောက်စေခြင်းစသည့် လုပ်ငန်းများကို နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များက အလှည့်ကျ တာဝန်ချထားမှုစနစ်ဖြင့် နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်ကျော် (ပြန်/ဆက်)