စစ်ကိုင်းခရိုင် မြင်းမူ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့များမှ မြို့အဝင် ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားလာမှုမှတ်တမ်းရယူမှုများအား စစ်ဆေးကြပ်မတ်

မြင်းမူ စက်တင်ဘာ၂၈

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့်တာဝန်ရှိသူများသည်၊  မြင်းမူမြို့ အဝင်တွင် ဖွင့်လှစ်ထားရှိသည့်  ခရီးသွားများအား  ကျန်းမာရေးစစ်ဆေးခြင်းနှင့်  ခရီးသွားလာမှု မှတ်တမ်း များ   ရယူဆောင်ရွက်နေမှုများအားစစ်ဆေးကြပ်မတ်လျှက်ရှိကြောင်းသိရှိရသည်။

မြို့တွင်းသို့ဝင်ရောက်ကြမည့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ နေရပ် လိပ်စာရယူခြင်း၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များရယူခြင်းလုပ်ငန်းများကို၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့က ဆောင်ရွက် ပေးလျှက်ရှိကြောင်း၊  ကျန်းမာရေးဌာနက ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်းနှင့် လုံခြုံရေး ဆိုင်ရာ များနှင့်ပါတ်သက်၍  မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျှက်ရှိသည့် အခြားနေရာများမှ မိမိမြို့သို့ပြန်လည်ဝင်ရောက်လာပါက မြင်းမူမြို့တိုင်းရင်းဆေးရုံတွင်ဖွင့်လှစ်ထားရှိသည့် Quarantime  Center သို့ဝင်ရောက် ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများခံယူရမည်ဖြစ်ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)