နမ္မတူ စက်တင်ဘာ-၂၈
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ နမ္မတူမြို့နယ်ရှိ အထူးရဲသင်တန်းဖွင့်လှစ်ပို့ချမည့် အမှတ်-၉ အခြေခံပညာ မူလတန်းကျောင်း၌ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေး လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ နမ္မတူမြို့နယ်ရှိ အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချမည့် အမှတ်-၉ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင် အတွင်း/အပြင်၊ တံခါးပေါက်နှင့် တံခါးပေါက် လက်ကိုင်များ၊ အများသုံးနေရာများဖြစ်သော လူသွား လမ်းများ၊ ရေအိမ် သန့်စင် ခန်းများနှင့် ရေချိုးရန် နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်း အနေဖြင့် နမ္မတူမြို့နယ် ဌာနဆိုင်ရာများ၊ ဆက်စပ်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကဏ္ဍစုံမှ ပူးပေါင်းကူညီ ဆောင်ရွက် လျက်ရှိပြီး၊ မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ) မှ တာဝန်ခံ ဦးကျော်မျိုးထွဋ်ထံက သိရှိရပါသည်။
လူမော် (ပြန်/ဆက်)