ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ကာလ နယ်မြေကျော် သွားလာခြင်းရှိ/မရှိနှင့် Mask စနစ်တကျတပ်ဆင် ရေးအထူး ကြပ်မတ်စစ်ဆေး

ဆိပ်ကြီးခနောင်တို စက်တင်ဘာ  ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉  ကပ်ရောဂါ ကာလအတွင်း ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်၊ ထိန်းချုပ်ရေးနိုင်ရေးအတွက် မြို့နယ်အတွင်းသို့ နယ်မြေကျော်သွားလာခြင်း ရှိ/ မရှိနှင့် Mask စနစ်တကျ တပ်ဆင်ရေး အထူးကြပ်မတ်စစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ယနေ့ နံနက်ပိုင်းမှစ၍ မြို့အဝင်ဂိတ်များနှင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်သိန်း ဦးဆောင်၍ ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်နေ ပြည်သူများအား မြို့နယ်အတွင်း ဈေးဝယ်ထွက်ခြင်းနှင့် ကျန်းမာရေးကိစ္စများမှအပ နေအိမ်ပြင်ပ သို့ ထွက်ခွာခြင်းမရှိစေရေး၊ အလုပ်ရှိရာ အခြားမြို့နယ်သို့ သွားလာသူများအနေဖြင့် တက္ကစီ၊ ကိုယ်ပိုင်ယာဉ်ဖြင့် သွားလာပါက ဝန်ထမ်းကတ်၊ ကုမ္ပဏီ ဝန်ထမ်းကတ်နှင့် အခြားခိုင်လုံသည့် အထောက်အထားများပါရှိရေးနှင့် မလိုအပ်ပဲ နေအိမ်ပြင်ပသွား လာခြင်း လူစုလူဝေးဖြင့် သွားလာခြင်း မရှိ‌စေရေးတို့အပြင် မဖြစ်မနေ နေအိမ်ပြင်ပသွားလာပါက နှာခေါင်းစည်း အကာအကွယ် Mask များ စနစ်တကျ တပ်ဆင် ပါရှိရေး အထူးကြပ်မတ် စစ်ဆေးခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာလျက်ရှိသည့် လမ်းညွှန်ချက်များအား အသိပညာပေး ပြောကြားပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)