စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် Cash For Work စီမံကိန်း​​ ဖြင့်ဆောင်ရွက်​​သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

တမူး  စက်တင်ဘာ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများလျော့ နည်းသက်သာ စေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရှိစေရန် Cash For Work စီမံကိန်းဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ(၆) ရွာတို့တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ် ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

တမူးမြို့နယ်အတွင်းရှိ  ကမ္မကြီးကျေးရွာ၊ နန်းမွန်းတားကျေးရွာ၊ ရေနန်းကျေးရွာ၊ ဖိုင်လင်း ကျေးရွာ၊နန်းအောင်မော်ကျေးရွာနှင့် နောင်ကက်(ဟောင်း) ကျေးရွာတို့တွင် Cash For Work စီမံကိန်း ရန်ပုံငွေ တစ်ရွာလျင် သိန်း(၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ငါးခု၊ရေပြွန်(၄)စင်းတည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ ကျောင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်း နှစ်ခု၊ ကျောင်းအားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်း တစ်ခု၊မြောင်းကူး သစ်သား တံတား(၈)စင်း တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ရွာတွင်းလမ်း ချောင်းသဲကျောက်ခင်းခြင်းလုပ်ငန်း တစ်ခု ၊ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခု တို့ကို ဇူလိုင်လ စတုတ္ထပတ်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ထံမှသိရှိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ Covid-19ရောဂါ အကျိုးဆက် သက် ရောက်ခြင်း ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအားလည်းကောင်းတို့ ကျေးရွာရှိ ကုန်ထုတ် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း တို့ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်

အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့်ကျေးရွာများတွင် အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

ကျော်သူရ(တမူး)