ကျိုက်မ​ရော ၌ ပုံမှန်ဝင်ငွေ မရှိ​သောအိမ်​ထောင်စုများအား​ထောက်ပံ့​ငွေ​ပေးအပ်

ကျိုက်မ​ရော     စက်တင် ဘာ  ၂၈

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်း ရှိရပ်ကွက်​ကျေးရွာများတွင် ကိုဗစ်-၁၉ ​ရောဂါ​ကြောင့် အလုပ်အကိုင် နည်းပါးပြီးပုံမှန်ဝင်​ငွေ မရှိသည့် အ​ခြေခံလူတန်းစားအိမ်​​ထောင်စု များအတွက် နိုင်ငံ​ တော်အစိုးရ၏     တတိယအကြိမ်      ​ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ​ငွေကျပ် ၂၀၀၀၀ စီ ​​ထောက်ပံ့ ​ပေးအပ်ခြင်းကို စက်တင်ဘာ ၂၇ရက်ည​နေ၃နာရီခန့်က ပြည်သူများအား​ထောက်ပံ့​ပေးလျကိရှိ​ကြောင်းသိရသည်။
ထိုသို့​ထောက်ပံ့​​​ပေးအပ်ရာတွင် ပုံမှန်ဝင်​ငွေမရှိ​သော ဖား​​ပျောက်​ကျေးရွာအုပ်စုရှိ မြန်မာလှိုင်​​ကျေးရွာမှအိမ်​ထောင်စု(၁၈၁)စုလူဦးရေ (၉၁၆)ဦးအတွက်သက်ဆိုင်ရာ      ရပ်ကွက်/ ​ကျေးရွာ အုပ်ချုပ်​ရေးမှူးများ နှင့်ရပ်/​ကျေးစာရေးဝန်ထမ်းများက တစ်ဦးလျှင် ​ငွေကျပ် နှစ်သောင်း နှုန်းဖြင့် စုစု​ပေါင်း​ငွေကျပ် (၃၆၂၀၀၀၀)တို့ကို အိမ်တိုင်ရာ​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
ချို ချို     ( ပြန်/ ဆက်)