စလင်းမြို့နယ် ရှမ်းစုကျေးရွာ၌ အ.မ.က ကျောင်းဆောက်လုပ်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

စလင်း စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မီ တည်ဆောက် ပြီးစီးနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမြင့်ဝေနှင့် ကျောင်း အကျိုးတော်ဆောင်များ သွားရောက်စစ်ဆေးခဲ့ရာ ယခုအခါ ၉၅ရာနှုန်း ပြီးစီးပြီ ဖြစ်သည်။

အဆိုပါ ကျောင်းဆောင်သစ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် စလင်းမင်း ရွှေတောင်ကုမ္ပဏီမှ ဆောက်လုပ်ရေး တာဝန်ခံဦးထွန်းထွန်း၊ အင်ဂျင်နီယာ ဦးဘုန်း နိုင်ထွန်းတို့ က တာဝန်ယူဆောက်လုပ်ခဲ့ရာ အဆောက်အဦး အမျိုးအစားမှာ(၆၀×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ တစ်ထပ်ဆောင်ဖြစ်ပြီး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၃၁.၆၃၅) သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမြင့်ဝေထံမှ သိရှိရည်။

မောင်လွင်(ပြန်/ဆက်)