ရေး စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံ လူတန်း စားအိမ်ထောင်စု ၁၈၀၇၅ စုတို့အားတစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁) နာရီက မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ထောက်ပံ့ငွေပေးရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက သက်ဆိုင် ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများ၏ လက်ဝယ် အရောက် ပေးအပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ရေးမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန် (၅) မျိုး၊ ဇူလိုင်လတွင် ဒုတိယ အကြိမ်အဖြစ် ငွေကျပ်(၁၅၀၀၀/-)ကျပ်၊ တတိယအကြိမ်အဖြစ်ငွေကျပ် (၂၀၀၀၀/-) ကျပ်နှင့် ဩဂုတ်လတွင် စတုတ္ထအကြိမ်အဖြစ် ငွေကျပ်(၂၀၀၀၀/-)ကျပ်ကို ပေးအပ် ခဲ့ပြီး ယခုထောက်ပံ့ သောငွေသည် ပဉ္စမအကြိမ် ထောက်ပံ့ငွေဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)