ကျိုက်မ​ရောမြို့နယ်၌ အသက် ၈၀နှင့် ၈၅နှစ် အကြား ဘိုးဘွားများအား​ ငွေ​ကြေး​ထောက်ပံ့

ကျိုက်မ ​ရော  စက်တင်ဘာ     ၂၈

မော်လမြိုင် ခရိုင်၊ ကျိုက်မ​ရော မြို့နယ်တွင် အသက်၈၀နှင့် ၈၅ နှစ်အကြား ဘိုးဘွားများ အားနိုင်ငံ​တော်မှ​​ထောက်ပံ့​ငွေ များကို​ယမန်​နေ့​နေ့လည်ပိုင်း ကကျေးရွာအ​ရောက်ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်းသိရသည်။
ထိုသို့​ထောက်ပံ့​ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှကိုဗစ်-၁၉ စီးပွား​ရေးကုစားမှု အစီအစဉ် အရအသက်၈၀နှင့်၈၅နှစ်အကြားရှိ ဘိုးဘွားများအတွက် တစ်ဦးလျှင် ​ငွေကျပ် သုံး​သောင်းကို ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့် နှင့်ကျိုက်မ​ရော မြို့နယ်ဒုတိယ မြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဘုန်းမြင့်နိုင် တို့မှ​ရေပူ​ကော့စပ်​ကျေးရွာရှိ အိမ်​ထောင်စု၈၄စု မှ အသက် ၈၀နှင့်၈၅နှစ်အကြားရှိ ဘိုးဘွား(၄၀)ဦးတို့အား​ထောက်ပံ့​ငွေများကို  အိမ်တိုင်ရာ​ရောက်သွား​ရောက်​ပေးအပ်ခဲ့​ကြောင်းသိရသည်။

ချိုချို ( ပြန်/   ဆက် )