ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ပဲ နေအိမ်ပြင်ပသို့ သွားလာ သူများကို အရေးယူဆောင်ရွက်

ဟုမ္မလင်း  စက်တင်ဘာ   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် နှာခေါင်းစည်း(mask)မတပ်ပဲ နေအိမ် ပြင်ပ သို့သွားလာသူများကို ယနေ့ နံနက် နံနက်ပိုင်းမှစတင်ကာ ထိရောက်စွာအရေးယူ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ပညာပေးကာလအဖြစ် ရက်သတ္တတစ်ပတ် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ စတင်ဘာဘာလ(၂၈)ရက်နေ့နံနက်ပိုင်းမှစ၍ နှားခေါင်း စည်း (mask)မတပ်ပဲ နေအိမ်ပြင်ပသို့သွားလာသူများကို ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တို့ပူးပေါင်း၍ ကမ်းနားလမ်း၊ အောင်ဆန်းလမ်း နှင့် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတို့၌ စောင့်ကြည့်စစ်ဆေးအရေးယူ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ချန်လော(ဟုမ္မလင်း)