ရွှေကူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၅၇၁၄ စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်

ရွှေကူ     စက်တင်ဘာ    ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ် ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ရွှေကူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု ၅၇၁၄ စုအား နိုင်ငံတော်မှ အိမ်ထောင်စုတစ်စု လျှင် ငွေကျပ်(၂၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၁၁၄,၂၈၀,၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ကိုင် Hand Speaker (၃၁) ခုကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)