ဗန်းမောက် စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ခြောက်ရွာတွင် စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရွာတွင်းချောင်းသဲ ကျောက်ခင်းခြင်းလုပ်ငန်း နှစ်ခု၊ ရေနှုတ်မြောင်း အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ ဘောလုံးကွင်းရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း နှစ်ခုနှင့် စာသင် ကျောင်း ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းတစ်ခု စသည့်လုပ်ငန်းခွဲများသည် ကျေးရွာခြောက်ရွာ၌ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း VRFP ဖြင့် ကျေးရွာခြောက်ရွာတွင် စီမံကိန်းမိတ်ဆက်ခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ စီမံကိန်းစည်းကမ်းများ သတ်မှတ်ခြင်း၊ ချေးငွေလျှောက်လွှာ ခေါ်ယူခြင်း၊ ချေးငွေအတည်ပြုခြင်း၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုး တိုးတက် ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။
ကျော်စွာ(ဗန်းမောက်)