ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ဓနုဖြူ  စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအားစုနှင့် အရင်းအနှီး ရရှိစေရန်အတွက် ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံမှ သိရသည်။

ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီ(CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ကို TYPE-1 အမျိုးအစား သိန်း(၃၀၀)နှင့် TYPE-2 အမျိုးအစား သိန်း(၂၀၀)ဖြင့် ဆောင်ရွက်လျက်ရှိရာ ဓနုဖြူ မြို့နယ်အတွင်းရှိ ကျုံတနီး ကျေးရွာအုပ်စု၊ ရွှေပန်းကုန်းကျေးရွာနှင့် ချောင်းစောက်ကျေးရွာအုပ်စု၊ ချောင်းစောက် ကျေးရွာတို့တွင် TYPE-1 အမျိုးအစားဖြင့် လည်းကောင်း၊ ကုန်းတန်းမြောက် ကျေးရွာအုပ်စု၊ ကမတွက်ကျေးရွာတွင် TYPE-2 အမျိုးအစားဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  ယခုအခါ အဆိုပါ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ကျေးရွာ()ရွာရှိ အိမ်ထောင်စုပေါင်း (၃၆၇)စုအား အကျိုးပြု လျက်ရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)