ရွှေဘို စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေး စည်ပင်သာ မြို့မဈေးကြီး နှင့်အပြင်ဘက်တိုက်တန်းများတွင် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အရေးယူဆောင်ရွက်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အရေးယူဆောင်ရွက်ရာတွင် ရွှေဘို ခရိုင် စီမံခန့်ခွဲ့မှု ကော်မတီဥက္ကဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသောင်းဟိန်း၊ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးကော်မတီဥက္ကဌ ဦးမြင့်လွင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းဖွဲ့စည်းများက လိုက်လံစစ်ဆေးခဲ့ရာ မြို့မဈေးအတွင်းမှ mask တပ်ဆင်ထားခြင်းမရှိသူ(၆)ဦးနှင့် ဈေးအပြင်ဘက်တိုက်တန်းများမှ (၃၄)ဦး စုစုပေါင်း အယောက်(၄၀)ကို စီမံခန့်ခွဲမှုဒဏ်ကြေးငွေ(၅၀၀၀)ကျပ် ဒဏ်ရိုက်ပြီး mask campaignအဖြစ် mask အခု(၂၀)ပြန်လည် ပေးအပ်ခဲ့သည်။
ရွှေဘိုမြို့နယ်တစ်ခုလုံး ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင် ရန် နှင့် နေအိမ်ပြင်ပ သွားလာတိုင်း mask တပ်ဆင်ပြီး သွားလာမှုရှိစေရန်အတွက် ယခုလို အရေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရွှေဘိုမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္က ဦးမြင့်လွင် ကပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)