နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

နန်းယွန်း  စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍  Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၃) ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ထိုသို့ ကျေးလက်ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဟချွန်း ဆာ ကျေးရွာတွင် လုပ်ငန်းခွဲ(၄)ခု၊ ပွန်းရှိန်ကျေးရွာတွင်(၃)ခု၊ ချမ္မကောက်လုံ ကောင်း ကျေးရွာတွင် (၄)ခု၊ ရန်နော်ဆန်ရီ ကျေးရွာတွင် (၃)ခု၊ မီကူးနောက်ကုန်း ကျေးရွာတွင် (၃)ခု၊ သာမန်းချောင်းဆုံ ကျေးရွာတွင် (၂)ခု၊ ဟဟောင် ကျေးရွာ တွင်(၂)ခု၊ ကားရော်ကုန်ရွှေ ကျေးရွာတွင်(၂)ခု၊ လွန်နူး ကျေးရွာတွင်(၃)ခု၊ ဟာဝါး ကျေးရွာ တွင်(၄)ခု၊ တော်ကြဲ(တုံကီ) ကျေးရွာတွင်(၃)ခု၊ နာယန်း ကျေးရွာတွင်(၂)ခု နှင့်ပါပုန် ကျေးရွာ တွင်လုပ် ငန်းခွဲ(၃)ခုတို့ကို Cash For Work စီမံကိန်းရန်ပုံငွေ တစ်ရွာလျင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆောင်ရွက်သည့် လုပ်ငန်း အမျိုးအစားများမှာ လမ်းဘေး၊ဝဲ၊ယာခြုံခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းတူး ဖော်ခြင်း၊ ကျောင်းခြံစည်းရိုးကာရံခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ကျောင်းအိမ်သာ ဆောက်လုပ်ခြင်း၊ စာသင်ကျောင်းသွပ်မိုးခြင်း၊ ဆိုင်ကယ်လမ်းတိုးချဲ့ဖောက်လုပ်ခြင်း၊ ရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ကျေးလက်ဆေးပေးခန်းခြံစည်းရိုးကာရံခြင်းတို့ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးခွာမတ်ထံမှသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)