သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်စည်း များအခမဲ့ဖြန့်ဝေ

သံတောင်ကြီး စက်တင်ဘာ ၂၉

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့ လမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သံတောင်မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ခရီးသွားလာတဲ့ ပြည်သူများအနေဖြင့် အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ဆင်သည့် အလေ့ အကျင့်များရှိစေရန်၊ Mask  တပ်ဆင်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ကြောင်းသိရှိစေရန်၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောသန့်စင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ကြားချက်များကို လိုက်နာကြစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို သံတောင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချပ်ရေးမှူး ဦးနေလင်းအောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် သံတောင်မြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်