မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း MASK တပ်ဆင်သွားလာရေး အသိပညာပေးနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံ လမ်းဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုပြေတို့ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၂)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့တွင်းဖြတ်သန်းသွားလာသူများအား MASK တပ်ဆင်သွားလာရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက MASK တပ်ဆင်သွားလာခြင်း မရှိသူ(၁၂)ဦးအား ဒဏ်ပေးသည့်အနေဖြင့် MASK(၁၀)ခု ဝယ်ယူစေပြီး(၅)ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လှူဒါန်းစေ၍ ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်း တပ်ဆင်စေပြီးမှသာ လိုရာခရီးဆက်သွားခွင့် ပြုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)