မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုက်​ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

ဒိုက်​ဦး စက်​တင်​ဘာ ၂၉                            

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်​ဦးမြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မရဲစခန်းမမှူးရဲမှူးသိန်း​ဇော်​က ဦးဆောင်၍ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရဲ​မေများ တို့သည်ဒိုက်​ဦးမြို့ ဝါဆိုရပ်ကွက်ရှိ လူအများ​သောက်​သုံး​သောမြို့အ​ရှေ့ကန်​အတွင်း/  အပြင်တို့တွင် သန့်ရှင်းသာယာလှပရေးအတွက်ချုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ရှင်းလင်း သန့်ရှင်းရေးပြု လုပ်ခြင်းဖြင့်​ပြည်​သူ့အကျိုး ပြုလုပ်​ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ကျော်​ကျော်​(ဒိုက်​ဦး)