လှိုင်းဘွဲမြို့နယ်တွင် မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း ခရုများကောက်ယူခြင်းနှင့် အစာသစ်ထည့်သွင်းခြင်း ကွင်းဆင်းဆောင်ရွက်

လှိုင်းဘွဲ၊ စက်တင်ဘာ ၂၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးစိုက်ခင်းဧရိယာများတွင် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ယမန်နေ့က ဒိုင်းပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဒိုင်းပြကျေးရွာ မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း စပါးပင်များအား ဖျက်ဆီးလျက်ရှိသော ခရုများအား အစာသစ်ထည့်သွင်းပြီး ခရုများ ကောက်ယူခြင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်း များက ဒိုင်းပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)