ပန်းတနော် စက်တင်ဘာ ၂၉
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီက ဘုရားကျောင်းဝန်းများအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကျော်ဇံ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး တင်မောင်နှင့် မြို့မစခန်းမှူး ဒုရဲမှူးဝင်းမြင့်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် ရွှေမြင်တင်ဘုရားလမ်းမြတောင်ဘုန်းကြီးကျောင်းရှေ့ လမ်းမနှင့် ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)