ကျိုင်းတုံ၌ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ကျိုင်းတုံ           စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီက ရပ်ကွက်/ကျေးရွာအုပ်စု (၃၈)အုပ်စုမှ ရပ်/ကျေးစာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုးဆန်းထွန်းနှင့် တာဝန်ရှိသူများက ရပ်/ကျေး စာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်ချုပ်ရေးလုပ်ငန်းများတွင်အထောက် အကူ ဖြစ်စေ ရန် နှခေါင်းစည်း(Mask) (၁)ဘူး၊ PPE ဝတ်စုံ (၁)စုံ၊ Hand Speaker (၁)ခုနှင့် အပူချိန်တိုင်းကိရိယာ (၁)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါခင်ခင်မြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တိတ်နှင့် တာဝန် ရှိသူများကလည်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၁)အုပ်စုမှ စာရေးဝန်ထမ်းများအား (MCCT) အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ကြေးများပေးအပ်ရန် စာရင်းကောက်ယူပေးရာတွင် သုံးစွဲရန်အသုံးစရိတ်အတွက် တစ်လလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် နှစ်လစ ငွေကျပ်(၄၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)