စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းဝင်ရောက် လျက်ရှိသူများထံမှ ရောဂါပိုးအဖြေစစ်ဆေးရန်တို့ဖတ်(SWAP)များရယူပေးပို့

မြင်းမူ စက်တင်ဘာ ၂၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီရောဂါကူးစက်မှုမဖြစ် ပေါ်စေရေးအတွက် မိမိဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်လာကြသည့်  ဒေသခံ များအား ကျန်းမာရေးစစ်ဆေးနိုင်ရန် အတွက်၊စစ်ကိုင်းခရိုင်၊မြင်းမူမြို့ တိုင်းရင်း ဆေးရုံ တွင်ဖွင့်လှစ်ထားရှိ သည့် Quarantine Center ရှိခရီးသွားပြည်သူများထံမှ အာခေါင် တို့ဖတ်၊ နှာခေါင်း တို့ဖတ် (SWAP) များကို ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရှိရသည်။

ယခုတို့ဖတ်ရယူပေးပို့ခဲ့သည့်ဒေသခံများတွင်ရန်ကုန်တိုင်းဒေသကြီးမှပြန်လည်ဝင်ရောက် လာသူ(၆)ဦးနှင့်မန္တလေးတိုင်းဒေသကြီးမှပြန်လည်ဝင်ရောက်လာသူ(၁၆)ဦးပါဝင်ကြောင်း သိရှိရသည်။

ထို့အပြင် ခွက်ခွင်းတိုက်နယ်ဆေးရုံ QuarantineCenterမှ မန္တလေးတိုင်းဒေသကြီးမှ ပြန်လည် ဝင် ရောက်လာသည့်သံဃာတော်(၂)ပါး ပါဝင်ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)